top of page
Search

အမြတ်ဆုံးသီလဆောက်တည်နည်း

  • Writer: Linn Zar Chi
    Linn Zar Chi
  • Feb 11, 2021
  • 1 min read

သူ့ထက်နောက်တပ်ပိုပြီးမြတ်စရာမရှိတော့တဲ့အမြတ်ဆုံးသီလဆောက်တည်နည်း


ရှေးရှေးမှာဖေါ်ပြခဲ့ပြီးတဲ့သတိပဌာန်တရား(၄)ပါး(ခ)

အနတ္တလက္ခဏာ(၁၀)ပါးထဲက(၁)ပါးပါးကိုခန္ဓာညာဏ်တိုက်ပြီးစူးစူးစိုက်စိုက်ရှုမှတ်ပွါးများနေတာကိုပဲအမြတ်ဆုံးသီလ

ဆောက်တည်တယ်လို့ခေါ်ပါတယ်။


အဲ့သည်အနတ္တလက္ခဏာတွေထဲက(၁)ပါးပါးကိုပွါးများအား

ထုတ်နေတဲ့ပစ္စုပ္ပန်တည့်တည့်မှာ......


.(၁)ဒွါရခြောက်ပေါက်လုံးကအကုသိုလ်တရားတွေမဝင်

နိုင်အောင်အစိုးရနေတဲ့အတွက်က္ကုန္ဒြိယသံဝရသီလလို့

ခေါ်ပါတယ်။

.(၂)အလုံးစုံသောအကုသိုလ်ကိုမပြုခြင်း အလုံးစုံသော

ကုသိုလ်ကိုပြုခြင်းဆိုတဲ့ဘုရားရှင်ရဲ့သြဝါဒပါတိမောက်ကို

ကျင့်သုံး နေတာဖြစ်တဲ့အတွက်အာဏာပါတိမောက်ကိုလည်း

အကျိုးတရားအဖြစ်ဆောင်ယူပြီးဖြစ်တဲ့သဘောကြောင့်

ပါတိမောက္ခသံဝရသီလလို့ခေါ်တယ်။


.(၃)အဲ့သည်ပစ္စုပ္ပန်တည့်တည့်မှာသေရင်အပါယ်မကျပဲ

နတ်ပြည်ရောက်တဲ့အတွက်ကောင်းစွာအသက်မွေးတဲ့သဘာ

ကိုပဲအာဇီဝပါရိသုဒ္ဓိသီလလို့ခေါ်တယ်။


.(၄)အဲ့သည်ပစ္စုပ္ပန်တည့်တည့်မှာအကုသိုလ်ရုပ်နာမ်ဓမ္မ

သင်္ခါရတရားအားလုံးအကြောင်းအကျိုးချုပ်နေတဲ့

သဘောကြောင့်ပစ္စသန္နိဿိတသီလလို့ခေါ်တယ်။


အဲ့သည်လိုကာမအာရုံနဲ့ကင်းကွာ(ဝိ)ပြီးလောကုတ္တရာ

အာရုံကြောင့်အထူးစင်ကြယ်(သုဒ္ဓိ)နေတဲ့(၄)ပါးအပြား

ရှိတဲ့သီလကိုပဲစတုပါရိသုဒ္ဓိသီလလို့ခေါ်တယ်။

အဲ့သည်သီလကအပါယ်တံခါးပိတ်ပြီးနိဗ္ဗာန်တံခါး

ပွင့်တဲ့အတွက်အမြတ်ဆုံးသီလပဲဖြစ်တယ်။


သည်သီလကိုမှန်မှန်ကန်ကန်ဖြစ်အောင်ဘယ်လို

ဆောက်ရမလဲဆိုတာတိတိကျကျပြတ်ပြတ်သားသား

သိချင်တော့ရှေးရှေးပို့စ်မှာဖေါ်ပြထားတဲ့ခုလုပ်ခုဖြစ်

သက်သေများတရား(၁၂) ကိုဖတ်(သို့)နာ​ပြီး(၁၃၊၁၄၊၁၅၊၁၆၊၁၇) ထဲကအတိုင်း ကိုယ်တိုင်ကြင့်ကြံ

အားထုတ်ကြပါ။ပထမသစ္စာတရားကိုအားလုံးရကြပြီး

နိဗ္ဗာန်မရောက်မချင်းချမ်းသာကြပါစေ။သာသနာပြုတဲ့

ဒကာဒကာမတွေလည်းဖြစ်နိုင်ကြပါစေ။

 
 
 

Recent Posts

See All

Comentários


  • home-icon-vector
  • Facebook

© 2021 by dhamma-retreats 

bottom of page