အမြတ် ဆုံးဒါနပြုနည်းသဘောအမှန်တရား
- Linn Zar Chi
- Feb 11, 2021
- 1 min read
သူ့ထက် နောက် ထပ်ပို ပြီး မြတ်
စရာ မရှိ တော့ တဲ့ အမြတ် ဆုံး
ဒါနပြုနည်းသဘောအမှန်တရား
.(၁)..ဒါနပါရမီ...ရိုးရိုး မြတ် ဒါ န
.(၂)..ဒါ နဉပပါရမီ...အားကြီး တဲ့ မြတ် ဒါ န
.(၃)...ဒါနပရမတ္ထပါရမီ...အမြတ် ဆုံးဒါန
.(၁)ရဲ့ သဘော က......
လှူဖွယ်ဝတ္ထုပစ္စည်း(မျိုးစေ့)ကောင် းတယ်။အလှူပေးပုဂ္ဂိုလ်
.(လယ်ယာသမား)နှင့်အလှူခံပုဂ္ဂိုလ်(လယ်ယာမြေ)တို့က
လှူဆဲခဏပစ္စုုပ္ပန်တည့်တည့်မှာမိစ္ဆာဒိဌိတန်းလန်းကြီးနှင့်
အလှူကိစ္စကိုပြုလုပ်တဲ့သဘောပါ။
ရိုးရိုး မြတ်တဲ့ဒါနပါရမီပဲဖြစ်ပါတယ်။ဘယ်ဘဝမှာဖြစ်ရမယ်
အပါယ်တံခါးပိတ်ပြီး နိဗ္ဗာန် တံခါးပွင့်မယ်လို့သေချာတဲ့
အာမခံချက်မရှိပါဘူး။ဖြစ်လေရာဘဝမှာတော့ပစ္စည်းဉစ္စာ
ချမ်းသာ ပါမယ်။
.(၂)..ရဲ့ သဘောက.......
လှူဖွယ်ဝတ္ထုပစ္စည်း(မျိုးစေ့)ကကောင်းတယ်..။
အလှူခံပုဂ္ဂိုလ်(လယ်ယာမြေ)ကကောင်းတယ်။
မဂ္ဂဌါန်(၄)နှင့်သောတာပတ္တိဖလဌာန်ထဲက(၁)
ယောက်ဖြစ်နေတယ်။
ဒါပေမယ့်အလှူပေးပုဂ္ဂိုလ်(လယ်ယာသမား)..(၁)မှာဖေါ်ပြခဲ့
သလိုပဲလှူဆဲခဏပစ္စုပ္ပန်တည့်တည့်မှာမိစ္ဆာဒိဌိမဖြုတ်ပဲ
လှူလိုက်တယ်။
.(လယ်ယာသမား)မကျွမ်းကျင်ပေမယ့်(မျိုးစေ့)နှင့်
.(လယ်ယာမြေ)ကကောင်းနေတဲ့အတွက်(၁)အလှူထက်
ပိုပြီးအားကြီးတဲ့အကျိုးကိုရတဲ့ဒါနဉပပါရမီဖြစ်ပါတယ်။
ဖြစ်လေရာဘဝမှာ(၁)ထက်ပိုပြီးပစ္စည်းဉစ္စာချမ်းသာပါမယ်။
ဘယ်ဘဝမှာဖြစ်ရမယ်။အပါယ်တံခါးပိတ်ပြီးနိဗ္ဗာန်တံခါး
ပွင့်မယ်လို့သေချာတဲ့အာမခံချက်မရှိသေးပါဘူး။
.(၃)..ရဲ့သဘောက
လှူဖွယ်ဝတ္ထုပစ္စည်း(မျိုးစေ့)ကလည်းကောင်းတယ်။
အလှူခံပုဂ္ဂိုလ်(လယ်ယာမြေ)ကလည်းကောင်းတယ်။
ပဋိဝေဓအရိယာ(၂၇)ယောက်ထဲက(၁)ယောက်ဖြစ်နေတယ်။
သူတို့ကသင်ပေးလို့အလှူပေးပုဂ္ဂိုလ်(လယ်ယာသမား)
ကလည်းလှူဆဲခဏပစ္စုပ္ပန်တည့်တည့်မှာတဒင်္ဂပဟာန်
အားဖြင့်မိစ္ဆာဒိဌိဖြုတ်ပြီးလှူလိုက်တယ်။အဲ့သည်အလှူမျိုးကို
အမြတ်ဆုံးဒါနပရမတ္ထပါရမီလို့ခေါ်တယ်။
သူ့ထက်ပိုမြတ်တဲ့အလှူဆိုတာမရှိတော့ဘူး။ဒါနပရမတ္ထ
ပါရမီဆိုတာ(မျိုးစေ့)နှင့်လုံးဝမသက်ဆိုင်ပါဘူး။
အလှူပေးနှင့်အလှူခံတို့ပရမတ်တရားကိုအာရုံပြုနိုင်မှု
အပေါ်မှာပဲမူတည်ပါတယ်။အမြတ်ဆုံးဒါနကိုပြုတတ်ချင်
တယ်ဆိုရင်တော့ပို့စ်မှာတင်ထားပေးပြီးတဲ့ခုလုပ်ခုဖြစ်
သက်သေများတရားကိုနာပြီးကိုယ်တိုင်ကျင့်ကြံပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်။ချမ်းသာကြပါစေ။
Commentaires