တရားတော်များ နာယူရန် ညွှန်ကြားချက်
- Linn Zar Chi
- Feb 11, 2021
- 1 min read
ဦးဇင်းရဲ့ "သောတာပန်နိယာမအဌကထာ(ခ) ပစ္စုပ္ပန်တည့်တည့်ကသောတာပန်(၉၉)ပြါး.(၁ မှ ၂၃)။
အဓိပတိကျောင်းကခေါင်းလောင်းသံ
.(၁.က၊ခ မှ ၁၁)။
ညကလေးများအတွက်လမင်းကဗျာ(၁ မှ ၁၀)အထိကိုနာကြားသင်ယူပြီးကိုယ်တိုင်ကျင့်ကြံအားထုတ်နေကြသူများထဲမှ လိုအပ်နေသူတို့အတွက် ညွှန်းတမ်း လေးကို မျှဝေပေးလိုက်ပါတယ်။
.(၁) ပထမဆုံး သစ္စာရဲ့သဘောကိုသိထားကြရအောင်
.(၆. ၇. ၈) ကိုနာယူမှတ်သားထားပါ။(အလွတ်ကျက်ထားစရာမလိုပါ။
တရားကိုသဘောပေါက်အောင်နာယူထားရင်လုံလောက်ပါတယ်။)။
.(၂) ကျင့်နည်းများကိုအရင်ဆုံးသိထားကြရအောင်
.(၁၃ မှ ၁၇)အထိကိုနာကြားသင်ယူထားကြပါ။(၁၃)ကိုအစ
အဆုံးသေသေချာချာနာယူထားကြပါ။ဘာကြောင့်လဲဆိုတော့
သုခ၊ဒုက္ခ၊ဥပေက္ခာ ဝေဒနာလိုက်ပုံလိုက်နည်း၊ချုပ်ပုံချုပ်နည်း(၃)မျိုးကိုပြထားလို့ပါ။နောက်ကျင့်နည်းတွေမှာဝေဒနာလိုက်ပုံ၊ချုပ်ပုံတွေကို
.(၁၃)ကိုပြန်ညွှန်းပြီးဟောထားလို့ပါပဲ။
နောက်..(၁၇)ကိုအစအဆုံးသေသေချာချာနားထောင်ပါ။
ဘာကြောင့်လဲဆိုတော့(၆. ၇. ၈)မှာပါဠိအက္ခရာ(စာ)နှင့်တွဲဖက်ဟောပြထားတဲ့ပထမသစ္စာ
.(၄)ပါးတရားတော်မြတ်ကိုပစ္စုပ္ပန်ခန္ဓာထဲကဘယ်လိုမြင်သွားသလဲဆိုတာကိုဟောပြထားလို့ပါပဲ။
.(၃)သင်ပြပေးထားတဲ့အတိုင်းလိုက်နာပြီးတရားကို စ တင်
ကျင့်ကြံအားထုတ်လိုက်တဲ့ပစ္စုပ္ပန်တည့်တည့်မှာကာလမခြားပဲ(အကာလိကော)ဘယ်လိုအကျိုးကျေးဇူးတွေခံစားနေရသလဲဆိုတာသိထားပြီးသဒ္ဓါတရားတိုးပွါးအောင်(၁၂)ကိုနာကြားသင်ယူပါ။
.(၄)ကျင့်ကြံအားထုတ်ကြတဲ့အခါမှာခန္ဓာအတွင်း၊အပြင်ကလက်တွေ့ပြလာတော့မယ့်တရားအာရုံတွေမှာအယူအဆမလွဲသွားပဲ၊ဉာဏ်အထောက့်အပံ့ဖြစ်ကြရအောင်၊ဦးဇင်းကျင့်ခဲ့စဥ်ကမြင်ပုံ၊သိပုံ၊ပယ်ပုံ၊ဆိုက်ပုံတွေကိုဟောပြထားတဲ့
.(၉. ၁၀ ၁၁)ကိုနာကြားသင်ယူထားကြပါ။
သည်လောက်ဆိုရင်အပ္ပဏိဟိတဝိမောက္ခမဂ်ဉာဏ်ကိုရတဲ့ပကတိသောတာပန်ဖြစ်အောင်ကျင့်ဖို့လုံလောက်တာထက်ပိုပို
သာသာလေးဖြစ်နေကြပါပြီ။
.(၅)အနိမိတ္တဝိမောက္ခမဂ်ဉာဏ်ကိုရတဲ့မဟာသောတာပန်၊
သုညတဝိမောက္ခမဂ်ဉာဏ်ကိုရတဲ့အဓိပတိသောတာပန်တွေ
ဖြစ်အောင်ကျင့်ကြံအားထုတ်လိုသူများအတွက်(၃. ၄. ၅)
ကိုနာကြားသင်ယူထားကြပါ။
.(၆)ကိုယ့်ကိုယ်ကိုမဟာသောတာပန်ဖြစ်မဖြစ်တိုက်ဆိုင်စစ်ဆေးနိုင်ကြရအောင်(၁၈)ကိုနာကြားသင်ယူထားကြပါ။
.(၇)ကိုယ့်ကိုယ်ကိုအဓိပတိသောတာပန်ဖြစ်မဖြစ်ကိုတိုက်ဆိုင်စစ်ဆေးနိုင်ကြရအောင်(၁၉. ၂၀. ၂၁) (၂၂. ၂၃)တို့ကိုနာကြားသင်ယူထားကြပါ။
.(၈)သောတာပန်နိယာမအဌကထာ(ခ)ပစ္စုပ္ပန်တည့်တည့်ကသောတာပန်(၉၉)ပြါး တရားတော်အနှစ်ချုပ်ကိုသိထားကြရအောင်(၁.နှင့်၂)ကိုနာကြားသင်ယူထားကြပါ။
အကျဥ်းဟောပြထားတာကိုသဘောသိပ်မပေါက်သူများနှင့်၊ပိုမိုလွယ်ကူစွာနားလည်ချင်သူများက.....။
.(၆. ၇. ၈) နှင့်အဓိပတိကျောင်းကခေါင်းလောင်းသံ(၁ က၊ခ)
.(၁၇)၊အဓိပတိကျောင်းကခေါင်းလောင်းသံ(၁၁)တို့ကိုအတွဲလိုက်နာယူသင်ကြားပါ။တရားနာနေရင်းခန္ဓာဉာဏ်လိုက်သွားပါ။
.(၁၃)၊အဓိပတိ(.ကျောင်းကခေါင်းလောင်းသံ)(၂)၊
လမင်းကဗျာ(ညကလေး)(၁)တွဲ။
.(၁၄).၊အဓိပတိ(၃)၊လမင်းကဗျာ(၂)တွဲ။
အစသဖြင့်လက္ခဏာချင်းတူရာတူရာ တွဲတွဲပြီးနာကြားသင်ယူကြပါရန်၊ညွှန်းလိုက်ပါတယ်။
ဆွေမျိုးအပေါင်းတို့ပထမသစ္စာ(၄)ပါးတရားတော်မြတ်ကို
လွယ်ကူသောအကျင့်လျှင်မြန်သောအသိနှင့်ရနိုင်ကြပါစေ။
အားလုံးငြိမ်းချမ်းကြပါစေ
Comments